Posted on 30 April 2019
အီလက်ထရောနစ်မှတ်ပုံတင်စနစ် (MyCO) တွင် ၂၀၁၉ ခုနှစ် မေလ ၄ ရက်နေ့မှ စတင်၍-
- ပုံစံ ဈ-၂(က) - အဆိုပြုထားသည့် မှတ်ပုံတင်စာရင်းအား ပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိထံမှ အကြောင်းကြားစာ
- ဈ-၂(ခ) - မှတ်ပုံတင်အရာရှိထံမှ မှတ်ပုံတင်စာရင်း ပြင်ဆင်ချက်အကြောင်းကြားစာ
- ဈ-၃(က) - ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်း ပြင်ဆင်ရန် လျှောက်ထားချက်နှင့်
- ဈ-၃(ခ) - ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတွင် မှားယွင်းမှုကို ပြင်ဆင်ခြင်းနှင့်စပ်လျဉ်း၍ မှတ်ပုံတင်အရာရှိထံမှ အကြောင်းကြားစာတို့ကိုအသုံးပြုနိုင်မည်ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


