လုပ်ငန်းခွင် လက်တွေ့လေ့လာရေး (Internship) သင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနား

လုပ်ငန်းခွင် လက်တွေ့လေ့လာရေး (Internship) သင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနား

Posted on 03 May 2019

 ရန်ကုန်၊ မိတ္ထီလာ၊ မုံရွာ စီးပွားရေး တက္ကသိုလ်များမှ မဟာတန်းနှင့် နောက်ဆုံးနှစ် ကျောင်းသား/ကျောင်းသူများအား လုပ်ငန်းသဘောတရားများကို နားလည်ပြီး အလုပ်ခွင် တွင် အဆင်ပြေစွာလုပ်ကိုင်နိုင်ရန်၊ လုပ်ငန်းကျွမ်းကျင်ရန်၊ ပေါင်းသင်းဆက်ဆံမှု ကောင်းမွန် ရန် ရည်ရွယ်ဖွင့်လှစ်သည့် လုပ်ငန်းခွင် လက်တွေ့လေ့လာရေးသင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် မေလ ၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန်(ရုံးချုပ်) ၌ ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနခွဲများမှ ညွှန်ကြား ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းခွင် လက်တွေ့လေ့လာရေး ပြုလုပ်မည့် ကျောင်းသားများအပါအဝင် စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ပါသည်။ လုပ်ငန်းခွင် လက်တွေ့လေ့လာရေး ကာလမှာ ရက်သတ္တ (၄) ပါတ် ကြာမြင့်မည်ဖြစ်ပါသည်။