မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ UK Department for International Development (DFID)နှင့် DaNa Facility တို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့ တွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များအပေါ် ပိုမိုနားလည် သဘောပေါက်စေရန်၊ ရင်းနှီးမြှုပ်နှံသူများနှင့် သက်ဆိုင် သည့်စည်းမျဉ်း၊ စည်းကမ်းအမျိုးမျိုး၏ သက်ရောက်မှုများကို သိရှိနားလည်စေရန်နှင့် ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး နည်းလမ်းများကို ပိုမိုသိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာထမ်းများနှင့် UK Department for International Development (DFID)၊ DaNa Facility၊ The Asia Foundation ၊ United Nations Capital Development Fund နှင့် Myanmar Centre for Responsible Business မှ ကိုယ်စား လှယ်များ အပါအဝင်စုစုပေါင်း ၅၅ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် DaNa Facility မှ Senior Technical Advisor ဖြစ်သူ Mr. Peter Brimbleတို့မှ အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊UK Department for International Development (DFID) ၊DaNa Facility ၊ the Asia Foundation ၊ United Nations Capital Development Fund နှင့် Myanmar Centre for Responsible Business တို့မှ ကိုယ်စားလှယ်တို့မှ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ် များကို အသီးသီးဆွေးနွေးခဲ့ပါသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ အမေးအဖြေကဏ္ဍတွင် ဦးဆောင်ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များမှရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့စေ ရေးတို့နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ (၅:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။




