ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၇/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၉ ခုနှစ် မေလ ၆ ရက်နေ့ နံနက် 10းဝဝ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက် ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခု နှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုတို့ကို အတည်ပြု ပေးခဲ့ပါသည်။ အဆိုပါ လုပ်ငန်း စုစုပေါင်း(၂)ခုတို့မှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၁၀၂၂ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။



