နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်ဖြင့် Jacket, Happi နှင့် Pants စသည့် အဝတ်အထည်မျိုးစုံချုပ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာရှိ Chindwin Banner Co., Ltd. သို့ ၂၀၁၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့်ဌာနများ အကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်းဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါ သည်။



