Paradiso Cinemas Co., Ltd. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Paradiso Cinemas Co., Ltd. သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Posted on 13 May 2019

နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုမိန့်ဖြင့် ရုပ်ရှင်ရုံများ ဆောက်လုပ်ခြင်းနှင့် ရုပ်ရုင်ပြသခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ရွှေချီရပ်ကွက်ရှိ   Paradiso Cinemas Co., Ltd. ၏ စီမံကိန်း လုပ်ငန်းသို့ ၂၀၁၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရန်အတွက် မြေပြင်ကွင်းဆင်းဝန်ဆောင်မှုများ ဆောင်ရွက် ခဲ့ပါသည်။