ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပ

Posted on 14 May 2019

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ တင်ပြလာသည့် အတည်ပြုချက်များအပေါ် ဆွေးနွေး စိစစ်မှုပြုရန်အတွက် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၄/၂၀၁၉)ကြိမ်မြောက် အစည်းအဝေး ကို ၂၀၁၉ ခုနှစ် မေလ ၁၃ ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင် အပါ အဝင် အဖွဲ့ဝင်(၆) ဦးတက်ရောက်ခဲ့ကြပါသည်။

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးမှ လျှောက်ထား လွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုအား အတည်ပြုမိန့် ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ပါသည်။