ရန်ကုန်၊ မိတ္ထီလာ၊ မုံရွာ စီးပွားရေးတက္ကသိုလ်များမှ မဟာတန်းနှင့် နောက်ဆုံးနှစ် ကျောင်းသား/ကျောင်းသူများအား ဦးစီးဌာန၏ လုပ်ငန်းသဘောတရားများကို နားလည်ပြီး အလုပ်ခွင် တွင် အဆင်ပြေစွာ လုပ်ကိုင်နိုင်စေရန်၊ လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်၊ ပေါင်းသင်း ဆက်ဆံမှု ကောင်းမွန်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ငန်းခွင် လက်တွေ့ လေ့လာ ရေးသင်တန်းကို မေလ ၂ ရက်နေ့မှ ၃၁ နေ့အထိ ဖွင့်လှစ်လျက်ရှိပါသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိကိုယ်တိုင်အတွက်သာမက နိုင်ငံတော်အတွက်ပါ တန်ဖိုးရှိသည့် အနာဂတ်ခေါင်းဆောင် ကောင်းများဖြစ်အောင် အမြဲမပြတ် လေ့လာဆည်းပူးသွားကြရန် တွေ့ဆုံမှာကြားခဲ့ပါသည်။ အခမ်းအနားသို့ လုပ်ငန်းခွင်လက်တွေ့ လေ့လာရေး ဆောင်ရွက် ကြသည့် ကျောင်းသား/ ကျောင်းသူများ အပါအဝင်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ စုစုပေါင်း ၂၅ ဦးတက် ရောက်ခဲ့ပါသည်။



