ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များလွယ်ကူချောမွေ့စေရေးအတွက် ကမ္ဘာ့ဘဏ်အုပ်စုမှနည်းပညာ အထောက်အပံ့များပေးအပ်မည့်အစီအစဉ်နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များလွယ်ကူချောမွေ့စေရေးအတွက် ကမ္ဘာ့ဘဏ်အုပ်စုမှနည်းပညာ အထောက်အပံ့များပေးအပ်မည့်အစီအစဉ်နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

Posted on 31 May 2019

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်စဉ်များလွယ်ကူချောမွေ့စေရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စံချိန်စံညွှန်း (SOP) ရေးဆွဲဆောင်ရွက်နိုင်ရေးနှင့် OSS စွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက် ကမ္ဘာ့ဘဏ် အုပ်စုမှနည်းပညာအထောက်အပံ့များပေးအပ်မည့်အစီအစဉ်နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေး ပွဲတစ်ရပ်အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်) ၂၀၁၉ ခုနှစ် မေလ ၃၀ရက်နေ့တွင်ကျင်းပခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ၊ ကမ္ဘာ့ဘဏ်အုပ်စုမှတာဝန်ရှိသူများ စုစုပေါင်း၃၀ ဦးခန့်တက် ရောက်ခဲ့ပါသည်။