မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးနှင့် Thai Business Association of Myanmar တို့ ပူးပေါင်း ၍ Update of the Rules and Regulations for Foreign Investment and Tax Programme ကို ၂၀၁၉ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါအစီအစဉ်သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင် တက်ရောက်ခဲ့ပြီး “Update on the Important Key Policies for Foreign Investors” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။



