ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာထွန်းထွန်းဉီးဆောင်သော တနင်္သာရီ၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်မှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့ဝင် (၂၄)ဉီးတို့သည် ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိ ကျင်းပမည်ဖြစ်သော “အကျိုးရှိသော စီးပွားရေးအတွေးအမြင် ဖြစ်ပေါ်ရေးဆိုင်ရာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ” သို့ တက်ရောက်ရန် အတွက် ၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားပါသည်။


