ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီ အထောက် အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီမှ နိုင်ငံတံကာဆက်ဆံ ရေးလုပ်ငန်းအဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ဒေါ်ပြုံးကေသီနိုင်နှင့် အဖွဲ့အား ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့ တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


