ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၁၉) ကြိမ်မြောက် အစည်အဝေးကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ် ခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာခက်အောင် အပါအဝင် ကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့မှ ကွင်းဆင်းဝန်ဆောင်မှု ပေးခဲ့သည့် အစီရင်ခံစာများကို ဆွေးနွေးခဲ့ကြပါသည်။


