Mount Pleasant Hotel သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Mount Pleasant Hotel သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Posted on 17 June 2019

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဖိုးဇောင်းတောင်ရှိ ဟိုတယ်တည်ဆောက်ခြင်း နှင့် ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Mount Pleasant Hotel သို့ ၂၀၁၉ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် သွားရောက်၍ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် ဌာနများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရန် အတွက် မြေပြင်ကွင်းဆင်းဝန်ဆောင်မှုများ ဆောင်ရွက်ခဲ့ပါ သည်။