မြေမူဝါဒနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ခြင်း

မြေမူဝါဒနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ခြင်း

Posted on 19 June 2019

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှှ ဆောင်ရွက်နေသော မြေမူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးရန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း(OECD)မှ ကျွမ်းကျင်သူ များသည် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ၂၀၁၉ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် မြေမူဝါဒနှင့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။