ခေတ္တညွှန်ကြားရေးမှူးချုပ် ပါပူဝါနယူးဂီနီနိုင်ငံသို့ ဖိုရမ်တက်ရောက်ရန် ရန်ကုန်မြို့မှ ထွက်ခွာ

ခေတ္တညွှန်ကြားရေးမှူးချုပ် ပါပူဝါနယူးဂီနီနိုင်ငံသို့ ဖိုရမ်တက်ရောက်ရန် ရန်ကုန်မြို့မှ ထွက်ခွာ

Posted on 19 June 2019

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် ၂၀၁၉  ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ ၂၁  ရက်နေ့အထိ ပါပူဝါနယူးဂီနီနိုင်ငံ၊ Port Moresby မြို့တွင် ကျင်းပပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေးဖိုရမ် ၂၀၁၉သို့ တက်ရောက်ရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပါပူဝါနယူးဂီနီနိုင်ငံသို့ ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ထွက်ခွာသွားပါသည်။