International Monetary Fund (IMF) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

International Monetary Fund (IMF) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Posted on 21 June 2019

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်သည် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အာရှနှင့် ပစိဖိတ်ဌာနခွဲမှ ကျွမ်းကျင်ပညာရှင် Mr Jayendu De နှင့် Ms Sanaa Nadeem ပါဝင်သည့်အဖွဲ့အား ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္မဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးမျိုးမင်း၊ ညွှန်ကြားရေးမှူး ဉီးကျော်ဝင်းထွန်း၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ အရာရှိများ တက်ရောက်၍ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းအင်းနှင့် ကုမ္ပဏီဥပဒေဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။