ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီမိတ်ဆက်ပွဲအခမ်းအနားကျင်းပ

ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီမိတ်ဆက်ပွဲအခမ်းအနားကျင်းပ

Posted on 26 June 2019

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီမိတ်ဆက်ပွဲအခမ်းအနားကိုနေပြည်တော်ရှိသင်္ဂဟဟိုတယ်၌ ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်လှထွန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကျော်မျိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆက်အောင်၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကိုယ်စားလှယ်များနှင့် ဌာဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ပုဂ္ဂလိကကဏ္ဍနှင့် သတင်းမီဒီယာများတက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီဥက္ကဋ္ဌဦးသောင်းထွန်းမှ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီနှင့်ယင်း၏လုပ်ငန်းအဖွဲ့ (၅) ဖွဲ့သည် အလွန်အရေးပါပါကြောင်း၊ တာဝန်ယူမှုရှိပြီးအရည် အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုအားပေးမြှင့်တင်ခြင်းဖြင့် မျှတပြီးကြွယ်ဝသည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးရေးကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသောစက်မှုလုပ်ငန်းများအတွက်အထောက်အကူပြုမည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းလည်းဖြစ်ပါကြောင်းနှင့် နိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများစီးဝင်လာရန် အဓိကကျသည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိသည့်အစိုးရ၏ ကြိုးပမ်းမှုများကိုထင်ဟပ်စေမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ Chief Representative ဖြစ်သူMr. Masayuki KARASAWA နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် JICA မှ Team Leader ဖြစ်သူ Mr. Kazuo Mishimaတို့ကရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီ (IPC) နှင့် စီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက်များအားရှင်းလင်းတင်ပြပြီးတက်ရောက်လာသူများ၏ မေးမြန်းချက်များအားပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ (၅) ဖွဲ့မှ အဖွဲ့ဝင်များ၊ မြန်မာ-ဂျပန်ပူးတွဲလုပ်ငန်းညှိနှိုင်းမှုကော်မတီ (Joint Coordination Committee JCC) အဖွဲ့ဝင်များ၊ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ပြည်တွင်း၊ ပြည်ပစီးပွားရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာများစုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။