ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Posted on 27 June 2019

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက် ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ယာအဆောက်အအုံကဏ္ဍတို့၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ()နှင့် မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း() ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ .၃၄၃ သန်း နှင့် ကျပ်သန်း ၂၅၀၀.၀၀ ဖြစ်ပြီး လုပ်ငန်း စုစုပေါင်း()ခုတို့မှ  ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၃၁၇၄ ဦးအတွက် ဖန်တီး ပေးနိုင်မည် ဖြစ်ပါသည်။