တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏အတည်ပြုမိန့်ဖြင့် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုပ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင် နေသော အောက်ကျောက်ဝပ်ကျေးရွာ၊ လောင်းလုံမြို့နယ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်း ဒေသကြီးရှိ DAWEI UNITY COMPANY LIMITED သို့ တနင်္သာရီတိုင်းဒေသကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ ဒေါ်ရီရီချိုဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ် များပါဝင်သည့်ကွင်းဆင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် သွားရောက်ပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။



