စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏အတည်ပြုမိန့်ဖြင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆောင်ရွက်လျက်ရှိသောဦးပိုင်အမှတ်(N၂၄)၊ ကွင်းအမှတ် (၁၉၃၀) ရှမ်းကလုံးကွင်း၊ ရှမ်းကလုံးကျေးရွာအုပ်စု၊ ကောလင်းမြို့နယ်၊ ကသာခရိုင်၊စစ်ကိုင်းတိုင်းဒေသကြီးရှိ မြန်မာလန်ယု သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်သို့ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊သတ္တုတွင်းဦးစီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းနှင့်ကောလင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှတာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည်၂၀၁၉ခုနှစ်ဇူလိုင်လ၄ရက်နေ့တွင်သွားရောက်စစ်ဆေးပြီးလိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။




