Saung Oo Shwe Nay (Golden Sunshine) Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Saung Oo Shwe Nay (Golden Sunshine) Co., Ltd. သို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 22 July 2019

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် CMP စနစ်သုံးပြီး အထည်ချုပ်လုပ်ငန်း ဆောင်ရွက်လျှက်ရှိသော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ် စက်မှုဇုန်ရှိ Saung Oo Shwe Nay (Golden Sunshine) Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် စီးပွားဖြစ်စတင်ရန် ကနဉီးကုန်ကြမ်းများ တင်သွင်းခွင့်ဆောင်ရွက်ထားမှု အခြေအနေများအား သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။