၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Central World၊ Centara Grand Hotel ၌ ကျင်းပပြုလုပ်မည့် Myanmar Insight 2019 နှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲအား ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးဖြစ်သူ Mrs. Suphatra Srimaitreephithak က ဉီးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
Myanmar Insight 2019 အား ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံလိုသည့် ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက် အလက်များပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင်လွင် တက်ရောက် အမှာစကားပြောကြားခဲ့ပြီး သတင်းမီဒီယာများ၏ မေးမြန်းမှု များအား ပြန်လည်ဖြေကြားခဲ့ပါသည်။



