နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၁၉)ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၁၉)ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

Posted on 02 August 2019

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဩဂုတ်လ  ၂  ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ နေပြည်တော် ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့် ကော်မတီ အဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့ပါသည်။

            အဆိုပါအစည်းအဝေးတွင် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့ရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ တင်ပြလာသော လုပ်ငန်းတည်ဆောက်ရေး ကာလတိုးမြှင့်ခွင့် နှင့် ပင်မအဖွဲ့အစည်းအမည် ပြောင်းလဲခွင့်အား အတည်ပြုပေးခဲ့ပါသည်။