Posted on 15 August 2019
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဝဏ္ဏအောင်သည် Coffee Concepts Myanmar Limited မှ ဒါရိုက်တာဖြစ်သူ Mr. Siu Tak Wai နှင့်အဖွဲ့အား ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။


