ဗန်ကောက်မြို့တွင် Myanmar Insight 2019 ကျင်းပခြင်း

ဗန်ကောက်မြို့တွင် Myanmar Insight 2019 ကျင်းပခြင်း

Posted on 23 August 2019

ထိုင်းနိုင်ငံစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေများ၊ လက်ရှိမူဝါဒများနှင့် ဥပဒေများအပေါ် နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု ဆိုင်ရာ အချက်လက်များအား သိရှိနားလည်စေရန်နှင့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ကို မိတ်ဆက် ရှင်းလင်းနိုင်ရန်အတွက် ၂၀၁၉ခုနှစ်ဩဂုတ်လ၂၂ ရက်နေ့တွင် CEO dinner နှင့် ၂၀၁၉ခုနှစ်ဩဂုတ်လ၂၃ ရက်နေ့တွင် Myanmar Insight 2019 ဆွေးနွေးပွဲတို့ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Centara Grand Hotel, Central World ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဦးဆောင်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆက်အောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ညွှန်ကြား ရေးမှူးချူပ် ဒေါ်မိမိခိုင် ၊မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊စာရင်းအင်းဌာန၊ ညွှန်ကြားရေး မှူးချူပ် ဒေါ်မြင့်မြင့်ကြည်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်မြမြဦးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဦးမျိုးခိုင်ဦးပါဝင်သောမြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mrs. Suphatra Srimaitreephithak မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာ စကားပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏အကြံပေးပုဂ္ဂိုလ် Mr. Chaisiri Anaman မှ အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ Video Message ဖြင့် နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှ “Investment Opportunities in Myanmar for Thai Investors” ခေါင်းစဉ်ဖြင့် လည်းကောင်း၊H.E. Dr. Supachai Panitchpakdi (Former Secretary-General of the UN Conference on Trade and Development and former Director General of World Trade Organization (WTO)) မှ လည်းကောင်းKeynote adress များပြောကြားခဲ့ကြပါသည်။

ဆက်လက်ပြီး Easing Investor concerns for doing business in Myanmar အစီအစဉ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးမှ "Opportunities regarding Thai Investment in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဒေါ်မိမိခိုင်မှ "Electricity Supply and opportunities in the Electricity and Energy Sector in Myanmar" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်မြမြဦးမှ "Myanmar Tax reform" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ညွှန်ကြားရေးမှူးချူပ် ဒေါ်မြင့်မြင့်ကြည်မှ "Myanmar Monetary Policy and MMK Trend" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီဌာန၊ ညွှန်ကြားရေးမှူး ဉီးမျိုးခိုင်ဉီးမှ "The Investment Opportunities in Yangon"ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ပါသည်။

နေ့လည်ပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်မှ “Myanmar Sustainable Development Plan and Project Bank” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များမှ Practical View of implementing the Retail and Wholesale business in Myanmar ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Expanding your Manufacturing Base to Myanmar ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၇၀၀ ကျော်ခန့်တက်ရောက်ခဲ့ကြပါသည်။