ဗီဇာသက်တမ်းတိုး ထောက်ခံချက် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေငြာခြင်း

ဗီဇာသက်တမ်းတိုး ထောက်ခံချက် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေငြာခြင်း

Posted on 27 August 2020

၁။      ကုမ္ပဏီများအနေဖြင့် ဗီဇာသက်တမ်းတိုးထောက်ခံချက် ရရှိရေးအတွက် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ website ဖြစ်သော https://www.dica.gov.mm သို့တင်ပြလျှောက်ထားလျက်ရှိပါသည်။

၂။       ထိုသို့လျှောက်ထားရာတွင် အချို့ကုမ္ပဏီများကပြည်တွင်းအခွန်များဦးစီးဌာနတွင် အခွန်ထမ်းဆောင်ထားသည့် ကုမ္ပဏီများ၏ စာရွက်စာတမ်းများကိုပြင်ဆင်/တုပ၍ တင်ပြ နေကြသည်ကိုစိစစ်တွေ့ရှိရပါသည်။

၃။      သို့ဖြစ်ပါ၍ ထိုကဲ့သို့ ပြင်ဆင်/တုပ၍ မမှန်မကန်တင်ပြခြင်းများကို စိစစ် တွေ့ရှိရပါက  အဆိုပါ ကုမ္ပဏီများကိုဗီဇာသက်တမ်းတိုးထောက်ခံခြင်းအားလုံးဝ(လုံးဝ) ဆောင်ရွက် ပေးမည်မဟုတ်ကြောင်းအသိပေးကြေငြာအပ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန