ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 09 March 2023

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို  ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ သီရိပျံချီ ဦးခက်ထိန်နန်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာ-တရုတ် နယ်စပ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကုမ္ပဏီတို့အကြား လက်မှတ်ရေးထိုးမည့် ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်းဆိုင်ရာ Memorandum of Agreement - MOA နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။