မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 24 March 2023

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိ ပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် တန်ဖိုးမြှင့်နှမ်းများဖြစ်သည့် အခွံချွတ်နှမ်း၊ နှမ်းလှော်စေ့၊ နှမ်းလှော်မှုန့်၊ သန့်စင် ပြီးနှမ်း၊ နှမ်းလှော်ဆီမွှေး၊ ရောင်စုံနှမ်း၊ တန်ဖိုးမြှင့်ပဲများဖြစ်သည့် သန့်စင်ပြီးပဲတီစိမ်း၊ သန့်စင်ပြီး မြေပဲ ထုတ်လုပ်၍ ပြည်ပသို့ ရာခိုင်နှုန်းပြည့် တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းသို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။