ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 19 June 2023

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ ရှိ ဆန်စပါးကြိတ်ခွဲထုတ်လုပ် တင်ပို့ ရောင်းချခြင်းလုပ်ငန်းသို့  ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကြီးကြပ်ရေးအဖွဲ့က စက်ရုံ၏ တည်ဆောက်ရေးကာလအတွင်း လုပ်ငန်းလည်ပတ်နေမှု အခြေအနေများကို စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။