ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန


ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့သည့် စက်ရုံများမှ ကိုယ်စားလှယ်များအား Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခြင်း [1]

Posted on 01 September 2021

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဉီးသန့်စင်လွင်သည်  ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည့် စက်ရုံ ၂၄ ရုံမှ  ကိုယ်စားလှယ်များ ဖြင့်  ၂၀၂၁ ခုနှစ်  ၊ စက်တင်ဘာလ ၁ ရက်နေ့တွင်  Video Conferencing စနစ်ဖြင့် တွေ့ဆုံခဲ့ပြီး မီးလောင်စက်ရုံများ၏ တာဝန်ရှိသူများမှ ဆွေးနွေးတင်ပြချက်များအပေါ်  မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံကော်မရှင်အနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု  ဥပဒေနှင့်အညီ အဆိုပြုလွှာ လျှောက်ထား ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။