မြန်မာရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကျင်းပခြင်း

မြန်မာရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကျင်းပခြင်း

Posted on 01 June 2017

နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အထောက်အကူဖြစ်စေရန် အတွက် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် မြန်မာရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် ဇွန်လ၁ ရက်နေ့တွင် အိုဆာကာမြို့ရှိ Sanraku၊ Rihga Royal Hotel Osaka ကျင်းပ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို႔ေနာက္ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီမှ အမှာစကား ပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးသည် The New Investment Regime in Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြား ခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး၊ Advisor for DICA၊Mr. Takafumi Ueda၊JICA Expert၊ Mr. Yoichi Matsui နှင့် JICA Expert/ Attorney Mori Hamada & Matsumoto၊Ms. Kana Manabe တို့သည်  Points of Myanmar Investment Law and Rules ကိုပါဝင် ဆွေးနွေးခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၁၅၀) ကျော်ခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။