DICA – Directorate of Investment and Company Registration, Ministry of Investment and Foreign Economic Relations (MIFER),
pic3_0
Invest In Myanmar

Grow Your Business In The Golden Land Of Opportunity

business
MyInDy

Myanmar Online Investment Directory

MyInDy supports contact information easy to find via online

pic2_0
MYCO

Myanmar Companies Online

Register your business on Myanmar Compaines Online (MyCo) now

CoronaVirus
Covid-19

Announcements

Latest News On Coronavirus Disease (COVID-19)

previous arrow
next arrow

OUR MISSION

FACILITATE BUSINESS
PROMOTE INVESTMENT
SUSTAIN THE COUNTRY'S DEVELOPMENT

နောက်ဆုံးရသတင်းများ

MyCO စနစ်တွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ

ကုမ္ပဏီမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များအား အလွယ်တကူ အဆင့်တစ်ခုချင်းစီအလိုက် ဆောင်ရွက်နိုင်မည့်အဆင့်များအား အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။/wp-content/uploads/2025/09/MyCO-A1-Process.pdf

POSTED ON 19 Sep 2025
မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅ /၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော သက်ဆိုင်ရာ ဌာနများ တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာသောလုပ်ငန်း(၁)ခု၊ ရင်းနှီးမြှုပ်နှံသူအမည်ပြောင်းလဲခြင်းနှင့် အစုရှယ်ယာလွှဲပြောင်းခြင်း လုပ်ငန်း(၁)ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။

POSTED ON 31 Dec 2025
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂၅) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၂) ခုနှင့် အခြားဝန်ဆောင်မှုကဏ္ဍတွင် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်း များမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများထုတ်လုပ်၍ ၁၀၀% ပြည်တွင်း၌ ရောင်းချခြင်း လုပ်ငန်း၊ ဆန်ကြိတ်ခွဲ၍ ပြည်ပသို့ ၉၀.၇၄% တင်ပို့၍ ပြည်တွင်း၌ ၉.၂၆% ထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ လယ်ယာထွက်သီးနှံများအား တန်ဖိုးမြှင့်တင် ထုတ်လုပ်ပြီး ၁၀၀% ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း၊ Recycle Metal scraps Product အမျိုးမျိုးအား ခွဲခြားထုတ်ပိုး၍ ၁၀၀% ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်း၊ SKD စနစ်ဖြင့် လောင်စာဆီသုံး ၂ ဘီး၊ ၃ဘီး မော်တော်ဆိုင်ကယ်အမျိုးမျိုး တပ်ဆင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း၌ ၁၀၀% ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းနှင့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတို့ ဖြစ်ပါသည်။အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၉,၅၆၄.၀၂၀ သန်း နှင့် အမေရိကန်‌ဒေါ်လာ ၄.၉၈၈ ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၄၁၅ ဦး အတွက် ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ထို့အပြင် အစည်းအဝေးတွင် ပြည်တွင်းဝန်ထမ်း (၄၃၀) ဦး တိုးမြှင့် ခန့်ထားခွင့် တင်ပြ လာသည့် လုပ်ငန်း (၁)ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၇) ခု၏ တင်ပြချက် များကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

POSTED ON 31 Dec 2025
သတင်းများ ဆက်လက်ဖတ်ရှုပါရန်»

မိမိတို့အကြောင်း

စီးပွားရေးလုပ်ငန်းများနှင့် အစိုးရကြား ကနဦးပေါင်းကူးဆက်သွယ်ခြင်းအနေဖြင့် DICA သည် ပုဂ္ဂလိက လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးမြှင့်တင်ရန်၊ အကျိုးဖြစ်ထွန်းစေသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းအား ဖန်တီးပေးခြင်းဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရန် ရှိပါ သည်။

အခြေခံအချက်အလက်

ကုမ္ပဏီမှတ်ပုံတင်ခြင်း

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် မြန်မာနိုင်ငံတွင်အကျိုးတူစီးပွားရေးလုပ်ငန်းတစ်ရပ်ကို စတင်ဆောင်ရွက်မှုမပြုခင် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမပြုခင် ယင်းပုဂ္ဂိုလ်သည် မြန်မာနိုင်ငံသားဖြစ်လျှင်သော်လည်းကောင်း၊ နိုင်ငံခြားသားဖြစ်လျှင်သော်လည်းကောင်း မှတ်ပုံတင်ခြင်းသည် ၄င်းပြုလုပ်ရမည့် ပထမဆုံးအဆင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ ကုမ္ပဏီတစ်ခုသည် အောက်ဖော်ပြပါ ပုံစံတစ်ခုအနေဖြင့် မှတ်ပုံတင်နိုင်ပါသည်။

  • မြန်မာနိုင်ငံသား တစ်ဦးပိုင် (သို့မဟုတ်) အများပိုင် ကုမ္ပဏီတစ်ခုအနေဖြင့်
  • နိုင်ငံခြားသားပိုင် ကုမ္ပဏီ (သို့မဟုတ်) ကုမ္ပဏီ ရုံးခွဲတစ်ခုအနေဖြင့်
  • ဖက်စပ်ကုမ္ပဏီတစ်ခုအနေဖြင့်
  • အသင်းအဖွဲ့တစ်ခု/ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုအနေဖြင့်

ပထမအဆင့်နေဖြင့်
MyCO တွင်အမည်အားစစ်ဆေးပါ။
MyCO ကုမ္ပဏီမှတ်ပုံတင်ခြင်းဖောင်ပုံစံအား ဖြည့်သွင်းပါ။
ဖောင်ပုံစံတင်ခြင်းနှင့် ကုမ္ပဏီမှတ်ပုံတင်ကြေးပေးသွင်းခြင်း။
ဆက်လက်ဖတ်ရှုရန်

MIC ခွင့်ပြုမိန့် လျှောက်ထားခြင်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွင့်ပြုချက်ပေးခြင်း၊ အထူးကဏ္ဍဖွံ့ဖြိုးမှုများနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက်များအား ပုံမှန်ထုတ်ပြန်ခြင်းများအတွက် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် အစိုးရဝန်ကြီးဌာနများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။


လုပ်ငန်းစဉ်
ခွင့်ပြုမိန့် ရယူရန်အတွက် လိုအပ်သော သတင်းအချက်အလက်များအား DICA ဝက်ဘ်ဆိုက်အား အသုံးပြု၍ ရယူပါ။
ပထမဦးစွာ-ရင်းနှီးမြှုပ်နှံသူများသည် အဆိုပြုလွှာအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။
အဆိုပြုလွှာသည် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ၁၅ ရက်အတွင်း လက်ခံမည်ဖြစ်ပါသည်။
အဆိုပြုလွှာလက်ခံခြင်း ခံရပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလွှာအား ပြန်လည်သုံးသပ်ပြီးနောက် ဆုံးဖြတ်ချက်အား ရက်ပေါင်း ၆၀ အတွင်း သိရှိနိုင်မည်ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုရန်