
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်း၍ The Survey Report 2017 on Cost of Doing Business in Myanmar မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်း အနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ၊ UMFCCI ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း/ ပြည်ပ ကုန်သည်များအသင်းနှင့် ပြည်တွင်း/ ပြည်ပ မီဒီယာများ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏ တာဝန်ခံဌာနေကိုယ်စားလှယ် Mr. Keiichiro Nakazawa တို့မှ အဖွင့်မိန့်ခွန်း ပြောကြား ခဲ့ပါသည်။ ထို့နောက် JICA မှ အကြံပေး Mr. Toru Homma နှင့် Myanmar Survey Research မှ ဦးရဲညွန့်တို့မှ Survey Report နှင့်ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနား၏ အမေး၊ အဖြေ ကဏ္ဍတွင် တက်ရောက်လာကြသူများမှ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများနှင့် တက်ကြွစွာ ဆွေးနွေးခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။






