
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

သစ်အခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ၏ သစ်စိုက်ခင်းများ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ စိစစ်ခြင်း နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန (ဌာနဆိုင်ရာပူးပေါင်းလုပ်ငန်းအဖွဲ့) နှင့် သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများ တက်ရောက်ကြပါသည်။ အဆိုပါ အခမ်းအနား တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့်ချမှတ်ပေးခဲ့သည့် သစ်အခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ရောင်းချသည့် ကုမ္ပဏီများ၏ သစ်တောစိုက်ခင်းများ အကောင်အထည်ဖော်မှု အခြေအနေအား စိစစ်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
