
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း၍ အခြေခံ အဆောက်အအုံဆိုင်ရာ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုအတွက် Sub-Group 1: Legal Aspect နှင့် စပ်လျဉ်းသည့် Task Force အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၂ရက်နေ့၊ နံနက် ၁၀း၀၀ နာရီတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးခန်းမ တွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ခေါင်းဆောင်သော Task Force အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ JICA Myanmar Office နှင့် Kelvin Chia Yangon Ltd. တို့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ကြပါသည်။
အခမ်းအနားတွင် Task Force အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်တို့က အဖွင့်အမှာ စကား အသီးသီး ပြောကြားကြပြီး Kelvin Chia Yangon Ltd. မှ တာဝန်ရှိသူများက Sub-Group 1: Legal Aspect နှင့် ပတ်သက်၍ PPP စီမံကိန်းများအတွက် ဦးစားပေးကဏ္ဍများအဖြစ် လမ်း၊ လျှပ်စစ်နှင့် ဆိပ်ကမ်း ကဏ္ဍတို့အတွက် ၎င်းတို့ပြင်ဆင်ထားသည့် နမူနာစာချုပ် (မူကြမ်း) များအား ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြ ပါသည်။
