
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက် လိုသူများနှင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်လိုသူများအနေဖြင့် မိမိတို့ဆောင်ရွက်လိုသည်များကို လျင်မြန်လွယ်ကူစွာဖြင့် ဆောင်ရွက်နိုင်ရန်နှင့် ပဲခူးတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပဲခူး တိုင်းဒေသကြီးဦးစီးမှူးရုံး ဖွင့်လှစ်ပွဲအခမ်း အနားကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တောင်ငူလမ်း၊ ရုံးကြီးရပ်ကွက်ရှိ အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။
ဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်း ဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပဲခူးတိုင်းဒေသကြီး ကုန်သည်စက်မှုအသင်းမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပဲခူး မြို့ပေါ်ရှိ မြို့မိမြို့ဖများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းမှ ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များက ရုံးခန်းအတွင်း လှည့်လည် ကြည့်ရှုကြသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယအပိုင်းအား ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ် ကမ္ဘောဇသာဒီခန်းမတွင် ဆက်လက်ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းမှ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ကြိုဆိုနှုတ်ခွန်းဆက် ကျေးဇူးတင်စကား ပြောကြား သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ပထမဦးဆုံး ကုမ္ပဏီမှတ်ပုံတင်သည့် ပဲခူးပုံရိပ် ကုမ္ပဏီလီမိတက်အား ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ပေးအပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ပဲခူးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် အလားအလာများအား ရှင်းလင်းတင်ပြခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်း တင်ပြခဲ့ပါသည်။



