PROMOTED SECTOR SELECTION WORKSHOP ကျင်းပခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် International Finance Corporation တို့ပူးပေါင်း၍ Promoted Sector Selection Workshop အလုပ်ရုံဆွေးနွေးပွဲကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်၉: ၃၀နာရီတွင် Hilton Hotel၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်အားပေးလိုသည့်ကဏ္ဍများ သတ်မှတ်ရာတွင် အထောက်အကူပြုရန်အတွက် စံထားသင့်သည့်အချက်များ၊ အိမ်နီးချင်းအာဆီယံ နိုင်ငံ များတွင် အသုံးပြုသည့်နည်းစနစ်များနှင့် စပ်လျဉ်း၍ နားလည်စေရန်အတွက် ကျင်းပခဲ့ခြင်း ဖြစ်ပါ သည်။

          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးဆန်းမြင့်နှင့် World Bank Group မှ Senior Private Sector Specialist ဖြစ်သူ Mr. Charles Schneider တို့မှအဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပါသည်။

          အလုပ်ရုံဆွေးနွေးပွဲတွင် World Bank Group, Investment Climate Unitမှ  Senior Economist, Mr.Erik Von Uexkull၊ CReco Research, Indonesia မှ Co-founder and Senior Partner ဖြစ်သူ Dr. MuhamadChatibBasriနှင့် World Bank Group မှ Legal Consultant ဖြစ်သူ Mr. Sufian Bin Jusoh တို့မှ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်အားပေးလိုသည့် ကဏ္ဍသတ်မှတ်ရာတွင် စံထား သင့်သည့် အချက်များနှင့် အိမ်နီးချင်းအာဆီယံနိုင်ငံများတွင် အသုံးပြုသည့် နည်းစနစ်များနှင့်စပ်လျဉ်း၍ power point များဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကာ တက်ရောက်လာသည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

          အလုပ်ရုံဆွေးနွေးပွဲသို့ World Bank Group မှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။