
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ DICA-JICA Discussion Series on PPP for Infrastructure မှ အတွေ့အကြုံများကို အခြေခံ၍ Financing Infrastructure Development and PPP (Public-Private-Partnership) Institutional Framework အတွက် ရေးဆွဲပြုစုခဲ့သည့် Analytical Paper အား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကို ၂၀၁၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့၌ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရုံးခန်းမတွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ခေါင်းဆောင်၍ Task Force အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် JICA မှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၆ ဦး ခန့် တက်ရောက်ကြပါသည်။
အခမ်းအနားတွင် JICA Myanmar Office ၏ Deputy Chief Representative ဖြစ်သူ Mr. Kyosuke INADA က ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးသို့ Analytical Paper အား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
