
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(BRIC) ၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ ကော်မတီ ဉက္ကဋ္ဌဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကော်မတီဝင်များ၊ အထူး ဖိတ်ကြားထားသူများနှင့် သက်ဆိုင်ရာ ကုမ္ပဏီများမှာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခု၊ ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်လုပ်ငန်း ၁ ခု တို့မှ အတည်ပြုမိန့် လျှောက်ထားလာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုမှ COVID 19 ဖြစ်ပေါ်မှုကြောင့် တည်ဆောက် ရေးကာလ သက်တမ်းတိုးမြှင့်ခြင်း ကိစ္စရပ်တစ်ခု တင်ပြလာခြင်းအပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
အဆိုပါလုပ်ငန်းများအား အတည်ပြုမိန့် ထုတ်ပေးခြင်းဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီး မြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၂.၃၁၈ သန်းနှင့် မြန်မာကျပ်ငွေ ၃၉၅၇သန်း စီးဝင်လာမည်ဖြစ် ကာ အလုပ်အကိုင်အခွင့်အလမ်း ၄၅၀၀ ခန့်ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။