
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၁) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ ဧည့်ခန်းမဆောင် (၂)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင်အောင်၊ ကော်မတီ အဖွဲ့ဝင်များနှင့် အထူးဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ရယူဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများက တင်ပြလာသည့်ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များ ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။