
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ Video Conferencing Applicationကို ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးနှင့် Covid-19 ကာလအတွင်း ရုံးလုပ်ငန်းများ ပုံမှန် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်း၊ ဆွေးနွေးပွဲ၊ ဖိုရမ်နှင့် ပြည်တွင်း/ပြည်ပ အစည်းအဝေးများ တက်ရောက်ရာတွင် အထောက်အပံ့ဖြစ်စေရေးတို့ အတွက် တတိယအကြိမ် Zoom Virtual Meeting အသုံးပြုနည်းသင်တန်းကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ ၁၄၀၀ နာရီ အချိန်တွင် video conferencing စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက သင်တန်းထပ်မံဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ သင်တန်းသားများအနေဖြင့် ထပ်ဆင့် သင်တန်းပေးရန် လိုအပ်ချက်များအား အကျဉ်းချုပ်ပြောကြားခဲ့ပြီး ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် ကျွမ်းကျင်သူများမှ Application သုံးစွဲခြင်းနှင့် ပတ်သက်၍ သိရှိအသုံးချနိုင်ရန် အသေးစိတ် ရှင်းလင်းဆွေးနွေး ပို့ချခဲ့ပြီး User Manual Guide Book များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ ရုံးချုပ် ဌာနခွဲ (၁၁)ခုနှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံး (၁၅) ရုံးမှ အရာထမ်း/အမှုထမ်း သင်တန်းသား (၈၇) ဦးတို့ တက်ရောက်ခဲ့ပါသည်။
