CORONAVIRUS DISEASE 2019 (COVID-19) ကူးစက်ရောဂါဖြစ်ပွားနေသော ကာလအတွင်း စက်ရုံများ စနစ်တကျလည်ပတ်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နော်ပန်းသဉ္ဇာမျိုးနှင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ Myanmar Innocook Grain Co., Ltd သို့ ၂၀၂၀ပြည့်နှစ် မေလ ၈ ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့်အချက်များကို ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ခေါက်ဆွဲများ ပုံမှန်လည်ပတ်ထုတ်လုပ်ပြီး နိုင်ငံခြားတင်ပို့နိုင်မှု အခြေအနေများ၊ ဌာနဆိုင်ရာများမှ ဖြည့်ဆည်းပေးရန်လိုအပ်သည့် အချက်များကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။