
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နော်ပန်းသဉ္ဇာမျိုးနှင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ Myanmar Innocook Grain Co., Ltd သို့ ၂၀၂၀ပြည့်နှစ် မေလ ၈ ရက်နေ့တွင် ကွင်းဆင်းသွားရောက်ခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့်အချက်များကို ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ခေါက်ဆွဲများ ပုံမှန်လည်ပတ်ထုတ်လုပ်ပြီး နိုင်ငံခြားတင်ပို့နိုင်မှု အခြေအနေများ၊ ဌာနဆိုင်ရာများမှ ဖြည့်ဆည်းပေးရန်လိုအပ်သည့် အချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။