ပရက်စစ်ရှင်း အော်တိုအင်ဂျင်နီးယားရင်း ကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

          ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျှက်ရှိသော ဘားအံမြို့၊ ကရင်ပြည်နယ်ရှိ Precision Auto Engineering Co., Ltd. သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်သည့် ကွင်းဆင်း စစ်ဆေး ရေး အဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၅ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။