
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃)၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဦး ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းသို့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် သွားရောက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြု လိုက်နာရမည့်အချက်များ (Version 5.0) တို့အား လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။