
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ သံလွင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌက မွန်ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုစီးဝင်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးအား ကော်မတီအဖွဲ့ဝင်များအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အသစ်ထုတ်ပြန်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စိစစ်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ထုံးလုပ်နည်းများ Standard Operating Procedures (SOPs) အား ကော်မတီဝင်များအားလုံး သိရှိနိုင်ရေး ၊ SOP ပါအချက်များနှင့်အညီ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား စိစစ်နိုင်ရေးနှင့် ကွင်းဆင်းကြီးကြပ် ဝန်ဆောင်မှုပေးနိုင်ရေး အတွက် ဆွေးနွေးပြောကြားခဲ့ပါသည်။