
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Coronavirus Disease 2019 (COVID-19) သက်ရောက်မှုကြောင့် ထိခိုက်မှု ရှိသော စီးပွားရေး လုပ်ငန်းများအား COVID-19 ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့(ကယားပြည်နယ်)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် COVID-19 ရန်ပုံငွေမှ ချေးငွေရယူထားသော ကယားပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး ချေးငွေရယူထားသော လုပ်ငန်းရှင် ၅၃ ဦး အနက် ၃၀ ဦး တက်ရောက် ဆွေးနွေး ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် COVID-19 ရန်ပုံငွေမှ ထုတ်ပေးထားသည့်ချေးငွေများ အကျိုးရှိစွာအသုံးချမှုအပေါ် စိစစ်ကြပ်မတ်ရေးအဖွဲ့ (ကယားပြည်နယ်) ဥက္ကဋ္ဌ က Coronavirus Disease 2019 (COVID-19) သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးသက်ရောက်မှုများ အပေါ်ကုစားရေးလုပ်ငန်းကော်မတီ၏ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ ပြန်လည်ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။