
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၁) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် Video Conference စနစ် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးလှစိုးနှင့် ကော်မတီ အဖွဲ့ဝင်များ၊ ရင်းနှီး မြှုပ်နှံသူ လုပ်ငန်းရှင်များမှ Video Conference စနစ်ကို အသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြပါ သည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၄) ခု ၏ တင်ပြချက်များကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြ ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူများအနေဖြင့် မတည်ငွေရင်းပမာဏအမေရိကန်ဒေါ်လာ ၅ သန်း (သို့မဟုတ်) ကျပ်သန်း ၆၀၀၀ အထိရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြုလျှောက်ထားလွှာများကိုရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မြေကွက်အမှတ် ၄၉၊ စိမ်းလဲ့မေလမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ တယ်လီဖုန်းအမှတ် ၀၁-၆၅၈၂၆၄သို့ ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါသည်။