ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ တင်ပြလာသည့် အတည်ပြုချက်များအပေါ် ဆွေးနွေးစိစစ်မှု ပြုနိုင်ရန် အတွက် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နှင့်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင် အပါအဝင်အဖွဲ့ဝင် (၆) ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုမိန့် ထုတ်ပေးထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုအား အတည်ပြုမိန့်ပြင်ဆင်ချက် ထုတ်ပေးရန် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြပါသည်။